Wednesday, May 28, 2014

ဟန်းဆက်ပေါင်း များစွာကို Root လုပ်နိုင်တဲ့ V Root v1.7.7 Latest Version Replies: 0 By: Ty Tee MTK Model တွေ အပါ အဝင် ဖုန်း အမျိုးအစား ပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root နိုင်တဲ့ V Root ခေါ် ROOT Masters version သစ် VRoot_1.4.3.3359 ဖြစ်ပါတယ်.. 25.7.2013 ရက်နေ့က နောက်ဆုံး ထွက်ရှိ ပါတယ်.. ဒီကောင်က တရုတ် Root Tool တစ်ခုဖြစ်ပြီး နာမည်ကြီး Master Brand တံဆိပ် 2000 ကျော် ကို Root နိုင်လို့ သိရပါတယ်..Master Brand လို့ ဆိုလိုက်တာက Samsung, HTC, Huawei, ZTE စတဲ့ Brand တွေကို ပြော တာပါ Model အလိုက် ဖေါ်ပြထားခြင်းတော့ မတွေ့ရပါဘူး.. ဒီကောင်ကို V Root လို့လူသိများပြီး တကယ်ကျ တော့ သူ့နာမည်ကို လိုက်ရှာတဲ့ အခါ ROOT Masters or Masters Brush (Brush Master Integration ROOT) ဖြစ်ပါတယ် နောက်ထပ်တွေ့လာရတာက i-Mobile IQ တွေကို ဒီကောင်နဲ့ Root လို့ရတာပါ.. Driver မသိရင်လည်း Online က Auto ချပေးတယ်... ပိုစုံလာတာပေါ့ဗျာ...။ နည်းလမ်းကတော့ ပထမဆုံး Driver ကို သိရပါမယ်.. မရှိရင် အောက်ဆုံးမှာ ဒေါင်းနိုင်ပါတယ်.. Model အ လိုက် USB Debugging နဲ့ Unknown Source ကို On ပေးထားရပါမယ်.. 1 . ROOT Masters ကို ဒေါင်းပြီး Install လုပ်ပါ.. ပြီးရင် Run လိုက်ပါ.. 2. ဖုန်းကို Computer နဲ့ ချိတ်ဆက်လိုက်ပါ.. Driver သိတယ် ဆိုရင် ROOT Masters ကလည်း သိကြောင်း ပေါ်လာမှာဖြစ်ပါတယ်.. 3. ဒါဆိုရင် Root Button ( အစိမ်းရောင် Green Button ) ကိုနှိပ်လိုက်ပါ...။ Root လုပ်နေတာ မြင်ရပါလိမ့်မယ်...။ 4. ခဏနေရင်တော့ Root လုပ်ပြီးကြောင်း ပြပေးပါလိမ့်မယ်...။ ဒါဆို အဆင်ပြေလောက်ပါပြီ...။ ဒီကောင်နဲ့ Root ဖောက်ပြီးတဲ့ အခါ App Drawer ထဲမှာ နာမည် မသိတဲ့ Application လေး တစ်ခု ရောက် နေပါတယ်.. အဲဒါကတော့ SuperUser ပေါ့ဗျာ.. တရုတ်လိုရေးထားတော့ ကျွန်တော်တို့ မဖတ်တတ်တာပါ။ Application တွေကို Install လုပ်လိုက်တဲ့အခါ ဒီ တရုတ်ဆော့ဖ်ဝဲလေး တက်လာပါတယ်.. ညာဘက်က ခလုတ်က Grant ဖြစ်ပြီး ဘယ်ဘက်ကဟာလေးကတော့ Deny ဖြစ်ပါတယ်.. ပုံထဲမှာ C8812 ကို Root လုပ်အောင်မြင်ကြောင်း ပြထားပါတယ်...။ usersfiles by Pyae Phyo (MMiTD) ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။ ၅ စက္ကန့် စောင့် စရာ မလိုပါ။ ဘာ << SKIP AD >> မှ ချိတ် မထားပါ။ ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။ ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။ အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။ မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ...။ Labels: Android, Phone Application, Root

Check out this blog "ဟန်းဆက်ပေါင်း များစွာကို Root လုပ်နိုင်တဲ့ V Root v1.7.7 Latest Version"  http://www.simon-vlog.com/2014/05/root-v-root-v177-latest-version.html 


Posted via Blogaway

No comments:

Post a Comment

www.drhtunkyawoo.blogspot.com