Friday, May 30, 2014

Account တခုအားလုံခြုံစွာ ထိန်သိမ်းခြင်း Replies: 0 By: technique11111 အင်တာနက်လောကမှာ မကြာခဏ ကြားနေတာကတော့ ဟက်ထိလို့၊ကိုယ့်အကောင့်လေး ဟက်သွားလို့..ဆိုတဲ့စကားသံတွေပါဘဲ..။ဒီလိုအဟက်မခံရအောင်ဘယ်လိုလုပ်ရမလဲ…. ဆိုရင်တော့ မိမိအကောင့ိကို လုံခြုံစွာထိန်းသိမ်းတတ်ဘို့ပါဘဲ။ အင်တာနက်မှာ Gmail,Yahoomail,Hotmail,AOL,GMX…စတဲ့အီးမေးလ်တွေအများကြီးရှိတဲ့ အနက် တကမ္ဘာလုံး လူသိအများဆုံး နဲ့ အသုံးအများဆုံးကGmail ပါဘဲ..။အင်တာနက်သုံးသူ ၄၀-ရာနှုန်းကျော်ကျော်က Gmail ဘဲသုံးကြပါတယ်။အသုံများသလောက်မကြာခဏလဲအဟက် ခံ ထိကြပါတယ်။ဟက်ခံလိုက်ပြန်ပြီဆိုတာနဲ့အကောင့်ကိုပြန်ယူတတ်လို့ပြန်လိုက်တတ်လို့ပြန်ရ ရင်တောင် မူလအတိုင်းမရတော့ပါဘူး….။တစစီဖြစ်နေပါပြီ။ FB,Skype,VZO,Camfrog.ICQ,Messenger,Twitter,ooVoo…စတဲ့Chatting လုပ်နိုင်တဲ့ Social Network များကလဲ စောစောကပြောတဲ့အိးမေးလ်ထဲကတခုခုရှိမှအကောင့်ဖွင့်လို့ရတာပါ။ အီးမေးလ်ပါသွားရင်ကျန်တဲ့ချက်တင်တွေလဲအလိုလိုအားပြီပေါ့။ဒီတော့အကောင့်ကိုဘယိလိုကာကွယ်ကြမလဲ..။ ၁။မိမိအကာင့်ကို တခြားသူ(မည်မျှပင်ယုံကြည်ရသူဖြစ်ပါစေ)ပေးမသုံးပါနှင့်။ ၂။အကောင့်ဝင်ပြီးတိုင်း sign out ဖြင့်သေချာပြန်ထွက်ပါ။ ၃။အသုံးပြုသည့် Browser မှ သင့်Password သိမ်းထားရမလား၊မှတ်ထားရမလား မေးလာ တိုင်း No ကိုသာနှိပ်ပါ။ ၄။အင်တာနက်သုံးပြီးတိုင်း CCleaner ဖြင့်Saved Pasword ကိုဖျက်ပစ်ပါ။ ၅။Web site များဝင်သည့်အခါ Pop up ဘောက်ကျလာသောဆိုဒ်များ၊မိမိမသိသောဆိုဒ်များ မှာ မလိုအပ်ဘဲ Sign in မဝင်ပါနှင့်။ ၆။ဆော့ဝဲများဒေါင်းလုပ်လုပ်သည့်အခါ Signin ကိုအရမ်းမလုပ်ပါနှင့်။Sign in ဝင်ခိုင်းသည့်နေရာ တွင် Professional Hacker များက သူတို့၏Sigm in အတုဖြင့်အစားထိုး၍စောင့်နေတတ်ပါသည်။ ၇။မိမိအကောင့်Password သည်ခိုင်မာတာင့်တင်းရပါမည်။   Password ကို   (က)စာချည့်သက်သက်မထားပါနှင့်။   (ခ)ဂဏန်းချည်းသက်သက်မထားပါနှင့်။   (ဂ) ၁၀-လုံးထက်နည်းသောPassword ကိုအသုံးမပြုပါနှင့်။    (ဃ)password သည် ဂဏန်၊အက္ခရာ၊သင်္ကေတ များဖြင့်အနဲဆုံး (၁၈)လုံးအထက်မှာထားသင့်          ပါသည်။    (င)တတ်နိုင်လျှင် တခြားဘာသာစကား အက္ခရာများကြားညှပ်၍ထည့်ထားပါ။        (ဥပမာ..တရုတ်၊ဂျပန်၊ထိုင်း…စသဖြင့်) ၈။မိမိစိတ်တွင်သံသယဖြစ်ဖွယ်တွေ့ပါကPassword ကိုချက်ချင်းပြောင်းလိုက်ပါ။ ၉။သူတပါး၏ FB Profile သို့ဝင်၍ အလွယ်တကူLike လုပ်ခြင်း၊Comment ပေးခြင်းများ တတ်နိုင် သမျှရှောင်ပါ။ ၁၀။မိမိမသိဘဲဝင်လာသောသူများ၊မိမိ မရင်းနှီးသောသူများကိုAccept မလုပ်ပါနှင့်။သူငယ်ချင်း အဖြစ်ချက်ချင်းလက်မခံပါနှင့်။ ၁၁။အကောင့်အတွက်လိုအပ်သောဖုန်းနံပါတ်များ၊Securityမေးခွန်းများကိုဖြေဆို၍ သေချာမှတ်သား ထားပါ။ အားလုံးဘဲစိတ်ပျော်ရွှင်စွာဖြင့်မိမိအကောင့်များကိုသုံးနိုင်ကြပါစေ..။ Labels: နည်းပညာ

Check out this blog " Account တခုအားလုံခြုံစွာ ထိန်သိမ်းခြင်း"  http://technique2013.blogspot.com/2013/03/account.html 


Posted via Blogaway

No comments:

Post a Comment

www.drhtunkyawoo.blogspot.com