Wednesday, May 28, 2014

Facebook Mobile App တွင် သီချင်း ရုပ်ရှင် များကို အလို အလျှောက် သိရှိသည့် စွမ်း ဆောင်ချက် ထည့်သွင်း Replies: 0 By: Ty Tee Facebook က Mobile App များတွင် အနီးအနားမှ ဖွင့်ထားသော သီချင်း၊ ရုပ်ရှင် နှင့် TV Show များကို အလို အလျှောက် သိရှိသည့် စွမ်းဆောင်ချက်ကို ထည့်သွင်းပေး လိုက်ပါသည်။ စမတ်ဖုန်း၏ Microphone မှ အသံ ဖမ်းယူ သိရှိမည် ဖြစ်ပြီး နားထောင် နေသည့် သီချင်းကို စာရိုက်ရှာဖွေရန်မလိုဘဲ အလွယ်တကူ Share လုပ် နိုင်ပါသည်။ အဆိုပါစွမ်းဆောင်ချက်သည် နာမည်ကြီး Shazam App နှင့် ဆင်တူပါသည် Facebook App တွင် မည်သည့် သီချင်း နားထောင် နေသည် ဆိုသည်ကို Status တင်ရန် ပြုလုပ် သည်နှင့် App က အနီး အနားတွင်ဖွင့်ထား သည့် သီချင်းကို စုံစမ်းသိရှိပြီး ပြသပေးမည် ဖြစ်သည်။ App က သီချင်းကို စုံစမ်းနေ သည်ကို ညာဘက် အပေါ်ထောင့်တွင် အိုင်ကွန်ဖြင့် ပြသမည် ဖြစ်သည်။ ထို့အ တွက် မည်သည့် သီချင်း နားထောင်နေ သည်ကို Status တင်ရန် စာရိုက် ရှာရသည့် အလုပ်ရှုပ်မှု ကင်းဝေး မည် ဖြစ်သည်။ သီချင်းများကို Share လုပ်သည့် အခါ စက္ကန့် သုံးဆယ်စာ ဗီဒီယိုကို ပြသပေးမည် ဖြစ်သည်။ TV Show နှင့် ရုပ်ရှင်များကိုလည်း App က စုံစမ်းသိရှိနိုင်ပါသည်။ TV Show များကို Share လုပ်သည့်အခါ Episode နှင့် Season များကို ပြသပေးမည် ဖြစ်သည်။ စွမ်းဆောင်ချက် အသစ်ကို Android နှင့် iOS App များတွင် ထည့်သွင်းပေးထားပြီး ယခုအချိန်တွင် အမေရိ ကန်တွင်သာ အသုံးပြုနိုင်သည် ဟု သိရပါသည်။ စွမ်းဆောင်အသစ်၏ အလုပ်လုပ်ပုံကို Facebook ၏ ဘလော့ တွင် လေ့လာနိုင်ပါသည်။ http://newsroom.fb.com/news/2014/05/ သူရ Myanmar Digital Life Journal မှကူးယူမျှဝေသည်။ Labels: Facebook, တီထွင်ဖန်တီး

Check out this blog "Facebook Mobile App တွင် သီချင်း ရုပ်ရှင် များကို အလို အလျှောက် သိရှိသည့် စွမ်း ဆောင်ချက် ထည့်သွင်း"  http://www.simon-vlog.com/2014/05/facebook-mobile-app.html 


Posted via Blogaway

No comments:

Post a Comment

www.drhtunkyawoo.blogspot.com