Wednesday, May 28, 2014

Ooredoo မှ မန္တလေးတွင် 3G စနစ်ဖြင့် ဖုန်း ဆက်သွယ်မှု ကွန်ယက် စမ်းသပ် Replies: 0 By: Ty Tee Ooredoo Myanmar မှ 3G စနစ်ဖြင့် ဖုန်းဆက်သွယ်မှု ကွန်ယက် စမ်းသပ်သည့် ပထမဆုံး ဖုန်းခေါ်ဆို မှု အား မန္တလေးမြို့၊ ၃၅ လမ်း၊ ၅၄×၅၅ လမ်း၊ ယင်းတို့ ကုမ္ပဏီတွင် မေ ၁၉ ရက်၊ မွန်းလွဲ ၄ နာရီက ပြုလုပ် ခဲ့သည်။ 3G စနစ် ဖုန်းခေါ်ဆို စမ်းသပ်မှုကို ကုမ္ပဏီမှ နည်းပညာနှင့် သတင်း အချက် လက်ပိုင်း ဆိုင်ရာ တာဝန်ရှိ သူ Ms.John Farhat က3 G စနစ်ဖြင့် ခေါ်ဆိုမှု အားစမ်းသပ်ပြ ခဲ့ရာ ဖုန်းလိုင်း ကြည်လင် ပြတ်သားမှုရှိ ကြောင်း သိရပြီး၊ ZTE နှင့် Net Work Set-up များလုပ်ဆောင်ခဲ့သည်ဟုသိရသည်။ “အော်ရီဒူးကနေ ပထမဆုံး 3G ဖုန်းခေါ်ဆိုမှုကို စတင်လုပ်ဆောင်နိုင်ပါပြီ ၊Handset မှာ MPT ပေါ်သလို Ooredoo ဆိုပြီးပေါ်လာမယ်၊ ကျနော်တို့ မန္တလေးမှာ အရင်ပြီးလို့ စမ်းသပ်ပြောဆိုတာ လက်တွေ့ လုပ်ပြ တာပါ၊ ကားဗရေ့တွေကိုသုံးစွဲသူလိုအပ်ချက်အရ ချဲ့သွားမယ်။” ဟု ၄င်းက ရှင်လင်းပြောကြားခဲ့သည်။ ကုမ္ပဏီ အနေဖြင့် မန္တလေးမြို့တိုင်း အတွင်း တာဝါ တိုင်ပေါင်း တစ်ရာကျော်ကို ZTE ကုမ္ပဏီနှင့် တခြား သော ဆက်သွယ်ရေး ကုမ္ပဏီများဖြင့် ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း၊ မိုဘိုင်း တယ်လီဖုန်း စနစ် ရေဒီယိုစခန်း တာဝါတိုင် တည်ဆောက်ရေးလုပ်ငန်းများ အတွက် မြေငှားရမ်းသုံးစွဲမှု အပြင် ဖိုင်ဘာကေ ဘယ်(လ်) သွယ်တန်း ရေးတွင် လုပ်ကိုင် ရသည့်လုပ်ငန်းများ အဆင်ပြေစေရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံသို့ တင်ပြအကူအညီရယူ ထားကြောင်းသိရသည်။ အော်ရီဒူးကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိ ပြီး မန္တလေးမြို့တွင် ပထမဆုံး ဖုန်းခေါ်ဆိုစမ်းသပ်မှုကို ပြုလုပ်ပြုခဲ့ခြင်းဖြစ်၍ တိုင်းဒေသကြီးအတွင်း မြို့ နယ်ပေါင်း ၂၃-ခုတွင် ဦးစွာစိုက်ထူသွားမည်ဖြစ်သည်။ “ဆက်သွယ်ေ၇းကောင်းမွန်အောင် လိုအပ်သလို လိုင်းတွေ တိုးချဲ့ပေးသွားမယ်၊ SIMကတ်တွေ ရောင်း ချဖို့ ဘယ်ရက် ၊ဘယ် အချိန် ဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ Data နဲ့ Video Call ထိ ရမှာပါ၊ Roming နဲ့ ပတ်သက် လို့ကတော့ MPTနဲ့ ညှိနှိုင်း ဆဲပဲရှိတယ်။”ဟုယင်းကဆက်လက်ပြောကြားသည်။ ယခင်က သတ်မှတ်ခဲ့သည့် အချိန်ထက် မမျှော်လင့်ဘဲ နောက်ကျမှုများမှာပစ္စည်းများသယ်ယူရွှေ့ပြောင်း ရခြင်း များ အပါ အ၀င် အခြား အကြောင်းများကြောင့် ဖြစ်ရကြောင်း၊ ရန်ကုန်တွင် နေအိမ် တိုက်မြင့်အ ဆောက် အဦများပေါ် တာဝါတိုင်၏ အလေးချိန်ကို မခံနိုင်သဖြင့် အခက်အခဲ ရှိခဲ့ကြောင်း သိရသည်။ Myanmar Digital Life Journal မှကူးယူမျှဝေသည်။ Labels: ပြည်တွင်းသတင်း

Check out this blog "Ooredoo မှ မန္တလေးတွင် 3G စနစ်ဖြင့် ဖုန်း ဆက်သွယ်မှု ကွန်ယက် စမ်းသပ်"  http://www.simon-vlog.com/2014/05/ooredoo-3g.html 


Posted via Blogaway

No comments:

Post a Comment

www.drhtunkyawoo.blogspot.com