Wednesday, May 28, 2014

ဇွန်နှင့် စက်တင်ဘာ အကြား အော်ရီဒူး က ဖုန်းဆင်းကတ် စရောင်းမည် Replies: 0 By: Ty Tee ဆက်သွယ်ရေး အော် ပရေတာ လိုင်စင် ရပြီး လုပ်ငန်း အကောင် အထည် ဖော်နေတဲ့ ကာတာ အခြေ စိုက် အော်ရီဒူး ကုမ္ပဏီဟာ မူလ မှန်းထားတာထက် နည်းနည်း နောက်ကျပြီး အခုနှစ် ဇွန်လကုန်ကနေ စက်တင် ဘာလအကြား ဆင်းကတ် တွေကို စပြီးရောင်းပေး နိုင်မယ်လို့ အော်ရီဒူးရဲ့ မြန်မာပြည် ရုံးခွဲမှာ အမှုဆောင် အရာရှိ ချုပ် မစ္စတာ ရော့်စ် ကော်လ်မတ် (Mr.Ross Cormack) က ပြောပါတယ်။ ဆူးလေ ရှန်ဂရီလာ ဟိုတယ်မှာ မေ ၂၅ ရက်နေ့ ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက် တာ ဖြစ်ပြီး အဓိက အားဖြင့် ဆက်သွယ်ရေး တာဝါ တိုင် ဆောက်တဲ့ ကိစ္စ မြေနေရာ ပြဿ နာ ကြောင့် ဖြစ် တယ်လို့ သူက ရှင်းပြပါတယ်။ ဆင်းကတ်တွေကို ၁ ကဒ် ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးမှာ ဖြစ်ပြီး နိုင်ငံတကာ ဆက်သွယ်ရေး ဥပေဒတွေနဲ့ အညီ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အစိုးရက တောင်းရင်တောင် ပေးမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ အော်ရီဒူးဟာ လက်ရှိ တာဝါတိုင် ၁၀၀ ကျော် တည်ဆောက် ပြီးစီးနေပြီး ၄၀၀ ကျော် ဆောက် လက်စ ဖြစ် ကာ နောက်ထပ် ၁ ထောင်ကျော် ဆက်ပြီး တည်ဆောက်သွားမယ်လို့ မစ္စတာ ရော့်စ်ကော်လ်မတ်က ပြော ပါတယ်။ DVB by ဒီဗွီဘီ Labels: ပြည်တွင်းသတင်း

Check out this blog "ဇွန်နှင့် စက်တင်ဘာ အကြား အော်ရီဒူး က ဖုန်းဆင်းကတ် စရောင်းမည်"  http://www.simon-vlog.com/2014/05/blog-post_2268.html 


Posted via Blogaway

No comments:

Post a Comment

www.drhtunkyawoo.blogspot.com