Wednesday, May 28, 2014

Ooredoo မှ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်း ဒေသကြီး (၃) ခုတွင် ကျန်းမာရေး စောင့်ရှောက် မှုများ ပြုလုပ် သွားမည် Replies: 0 By: Ty Tee ရန်ကုန်၊ မေ ၂၆။ Ooredoo မြန်မာသည် မြန်မာနိုင်ငံအတွင်းရှိ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်း ဒေသကြီးတွင် မြို့ နယ်ပေါင်း(၂၀)နှင့်ကျေးရွာပေါင်း(၁၈၀၀)ကျော်ရှိ ပြည်သူ(၆)သောင်းကျော် အားကျန်းမာ ရေး ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Ooredoo မြန်မာ၏ အလုပ် အမှုဆောင် Mr. Ross Cormack ကပြောသည်။ ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့ ဆက်သွယ်ရေး ကိုပဲ လုပ်နေတာ မဟုတ်ပါဘူး Ooredoo ၏ ရွေ့လျား ကျန်း မာရေးစောင့်ရှောက်မှု ဆိုတဲ့ အခန်းဏ္ဍ ကိုလည်း လုပ်ဆောင်နေ ပါတယ်။ Ooredoo ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းတွေ ကျွန်တော်တို့ လုပ်ငန်းလည်ပတ် နေတဲ့နေရာတွေ မှာ ဆောင်ရွက်လျှက် ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ ကျန်းမာရေး စောင့်ရှောက်မှု အခန်း ကဏ္ဍ ဟာ လိုအပ်နေတာကို တွေ့ရတဲ့ အတွက် ပထမဦးဆုံး တိုင်းဒေသကြီး (၃)ခုက မြို့ နယ်တွေ ကျေးလက် ဒေသ တွေမှာ သွားရောက် ကုသနိုင်ဖို့အတွက် အစီစဉ်တွေ ရေးဆွဲ ထားပါပြီ ဟု Ooredoo မြန်မာ၏ အလုပ် အ မှုဆောင် အရာရှိချုပ် Mr.RossCarmackက ဆိုသည်။ Ooredoo မြန်မာသည် ၎င်းကျန်းမာရေးစောင့်ရှောက်မှု အစီစဉ်အနေဖြင့် မန္တလေးတိုင်း ဒေသကြီး၊ မကွေး တိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် မြို့ နယ်ပေါင်း(၂၀)နှင့်ကျေးရွာပေါင်း(၁၈၀၀)ကျော်ရှိ ပြည် သူ (၆)သောင်းကျော်အား (၂)နှစ်အတွင်းကျန်းမာရေး ချို့ တည့်နေသူများကို ကုသပေးသွား မည်ဖြစ်သည်။ ယင်းကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်နိုင်ရန်အတွက် (APCT) မြန်မာနှင့် ပူးပေါင်းကာ မိခင်နှင့် ကလေး ကျန်းမာစေရေး၊ အဟာရဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ရောဂါရှာဖွေကုသခြင်းများကို လုပ်ဆောင် ပေးသွားမည်ဖြစ် ကြောင်း ရန်ကုန်နှင့် မန္တလေးမြို့  များ၌ (FHI360)အဖွဲ့နှင့် ပူးပေါင်း၍တစ်နှစ်အတွင်း လူဦးရေ(၃၆၀၀၀) ခန့် ကုသပေးသွားမည်ဖြစ်ကြောင်း ၎င်းကျန်းမာရေးစောင့်ရှောက်မှု အစီစဉ်တွင် ဆရာဝန်တစ်ဦးသူနာပြုတစ်ဦး ဓါတ်ခွဲခန်း ကျွမ်းကျင်သူတစ်ဦး၊ ပါဝင်မည်ဖြစ်ပြီး ရောဂါရှာဖွေရေး၊ ကုသရေး၊ကာကွယ်ဆေး ထိုးခြင်း၊ရော ဂါကာကွယ်ခြင်းနှင့်ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Oore doo မြန်မာမှ သိရသည်။ ချစ်မင်းထွန်း The Myanma Age News Agency by Lynn Lynn Labels: ပြည်တွင်းသတင်း

Check out this blog "Ooredoo မှ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်း ဒေသကြီး (၃) ခုတွင် ကျန်းမာရေး စောင့်ရှောက် မှုများ ပြုလုပ် သွားမည်"  http://www.simon-vlog.com/2014/05/ooredoo.html 


Posted via Blogaway

No comments:

Post a Comment

www.drhtunkyawoo.blogspot.com