Saturday, May 31, 2014

သမ္မတအရည်အချင်း ကန့်သက်ချက် လျှော့ချဖို့ ကြိုးစားနေ သည့်မြန်မာ သည် သေနတ်တစ်ချက် ဖောက်စရာ မလိုဘဲ အမေရိကန် သြဇာခံ မိတ်ဖက်နိုင်ငံ သစ် ဖြစ်လာမည် ဟု အိုဘားမားပြောဆို Replies: 0 By: Myanmar Express Group  သမ္မတအရည်အချင်း ကန့်သက်ချက် လျှော့ချဖို့ ကြိုးစားနေသည့်မြန်မာတွင် ပြုပြင်ပြောင်းလဲ မှုများအောင်မြင် မည်ဆိုပါက အမေရိကန်ပြည်ထောင် စု အတွက် သေနတ် တစ်ချက်မှ ပစ်မဖောက်ခဲ့ဘဲ ရရှိ မည့်မိတ်ဆွေနိုင်ငံသစ်ဖြစ်လာမည် ဟု အမေရိ ကန် သမ္မတအိုဘားမား က စစ်တက္ကသိုလ် ကျောင်းဆင်းပွဲမှာ ပြောကြားလိုက်သည်။ နယူးယောက်ပြည်နယ်ရှိ အမေ ရိကန်စစ်တက္ကသိုလ် ဝက်စ်ပွိုင့် တွင် မေ ၂၈ရက်က ပြုလုပ်ခဲ့သည့် ဗိုလ်သင်တန်းဆင်းပွဲတွင်ပြောကြား ခဲ့သည့် မိန့်ခွန်းတွင် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်နှင့် ပတ်သက်၍ အိုဘားမား က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။ ''အခု အမေရိကန်နိုင်ငံ အနေ နဲ့ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်း လဲမှု ဖြစ်စဉ်တွေ အတွက် ကူညီနေပါ တယ်။ မြန်မာနိုင်ငံအတွက် အလိုအပ် ဆုံးက အမျိုးသား ပြန်လည်သင့် မြတ်ရေး ပါပဲ။ မြန်မာနိုင်ငံရဲ့ ပြု ပြင်ပြောင်း လဲမှုတွေ သာ အောင်မြင် ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဟာ သေ နတ် တစ်ချက် ပစ်မဖောက်ရဘဲနဲ့ မိတ်ဆွေသစ် တစ်နိုင်ငံရရှိပါလိမ့် မယ်''ဟုအိုဘားမား ကပြောသည်။ မြန်မာအစိုးရအနေဖြင့် မြောက် ကိုရီးယားနိုင်ငံနှင့်နှစ်ဖက်ဆက်ဆံ မှုအား အမေရိကန် အစိုးရနှင့်မဟာ မိတ်နိုင်ငံများကို ထောက်ထား ကာ မြောက်ကို ရီးယား နိုင်ငံနှင့်ပူးပေါင်းလုပ်ဆောင်မှုများအား ဖယ်ခွာခဲ့ပြီးဖြစ် ကြောင်း အိုဘားမားကပြောသည်။ အိုဘားမား၏ တင်စီးပြောဆိုမှုအား မြန်မာလူထုမှ မကျေမနပ်ဖြစ်နေကြောင်းသိရပြီး စစ်တက္ကသိုလ်မှာ အခုလိုပြောကြားခြင်းဟာ မြန်မာနိုင်ငံကို သေနတ်မဖောက်ပိုင်း သိမ်းနိုင်တော့မည်ဖြစ်ကြောင်း အရိပ်အမွက်ပြောတာဖြစ်တယ်လို့ အာရှစစ်ရေးကျွမ်းကျင်သူများက သုံးသပ်နေကြကြောင်း သတင်းရရှိသည်။. လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံခြားသားနှင့် ပက်သက်သူ သမ္မတထိုင်ခုံ ထိုင်ခွင့်ရှိရေးနှင့် စိတ်ကြိုက်အုပ်ချုပ်ခွင့်ရှိရေးအတွက် ဥပဒေပြင်ဆင်ရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ကြိုးစားလျှက်ရှိပြီး အိုဘားမား နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ အမေရိကန်တွင် တစ်ကြိမ်၊ မြန်မာနိုင်ငံတွင် တစ်ကြိမ် ၃ နှစ်အတွင်း ၂ ကြိမ်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ .. www.MyanmarExpress.net   Labels: NLD သတင်း, သတင်း, အမျိုး၊ ဘာသာ၊ သာသနာ

Check out this blog "သမ္မတအရည်အချင်း ကန့်သက်ချက် လျှော့ချဖို့ ကြိုးစားနေ သည့်မြန်မာ သည် သေနတ်တစ်ချက် ဖောက်စရာ မလိုဘဲ အမေရိကန် သြဇာခံ မိတ်ဖက်နိုင်ငံ သစ် ဖြစ်လာမည် ဟု အိုဘားမားပြောဆို"  http://www.myanmarexpress.net/2014/05/blog-post_812.html 


Posted via Blogaway

No comments:

Post a Comment

www.drhtunkyawoo.blogspot.com